မြန်မာနိုင်ငံတွင် သက်ဆိုးရှည်နေသည့် နိုင်ငံရေးအကျပ်အတည်းကို နားလည်နိုင်ရန်အတွက်  ဝိသေသလက္ခဏာနှင့် တိုင်းရင်းသားလူမျိုးစုအရေးတို့ကို သိရှိရန်အရေးကြီးပါသည်။

အများပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ကြိုးပမ်းရာတွင်လည်း ယင်းတို့သည်ပင် အဓိကအကြောင်းအချက်များ ဖြစ်ပါသည်။ လူမှုရေးနှင့် နိုင်ငံရေး လိုလားချက်များအပေါ် ဝိသေသလက္ခဏာနှင့် တိုင်းရင်းသားအရေးတို့က မည်သို့ သက်ရောက်မှုရှိကြောင်း ပိုမို၍ သိရှိနားလည်နိုင်ရန် နိုင်ငံရေးစနစ်များနှင့် အဖွဲ့အစည်းများကို နိုင်ငံသားများ၏ ရှုမြင်ပုံများ၊ မူဝါဒဆိုင်ရာ လိုလားချက်များနှင့် နိုင်ငံရေးသဘောထားများကိုလည်းကောင်း၊ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် အတူတကွ ရပ်တည်နေထိုင်ကြရသူများနှင့် မိမိတို့အကြား ဆက်စပ်ပုံကို မည်သို့ ရှုမြင်ကြောင်းကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစေနိုင်သည့် စနစ်တကျကောက်ယူထားသော အချက်အလက်များ ရှိရန် လိုအပ်ပါသည်။ 

ယနေ့ မြန်မာနိုင်ငံမှာ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသည့် အခြေအနေဖြစ်ပြီး အများပါဝင်လျက် စဉ်ဆက်မပြတ် ရေရှည် တည်တံ့နိုင်သည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည်ကြိုးပမ်းနေချိန်ဖြစ်၍ ယင်းသို့သော အချက်အလက်များမှာ အထူးသဖြင့် အရေးကြီးပါသည်။

Details

Publication date
13 September 2024
Language(s)
Englishမြန်မာဘာသာ (Myanmar)
Author(s)
Isabel Chew, Jangai Jap
Number of pages
116
ISBN
978-91-7671-802-5 (PDF)

Contents

နိဒါန်း

အခန်း ၁ ဤအစီရင်ခံစာနှင့် စပ်လျဉ်း၍

အခန်း ၂ တွေ့ရှိချက်များ
၂-၁ လူမှုဝိသေသလက္ခဏာများ 
၂-၂ လူမျိုးများအကြား ဆက်ဆံရေးများ
၂-၃ လူမျိုးနှင့် နိုင်ငံရေး
၂-၄ ရိုဟင်ဂျာများကို အကာအကွယ်ပေးခြင်း
၂-၅ ဘာသာရေးနှင့် နိုင်ငံရေး
၂-၆ နိုင်ငံရေးစနစ်များနှင့် နိုင်ငံတော်အဖွဲ့အစည်း (အင်စတီကျူးရှင်း) များဆိုင်ရာ လိုလားချက်များ
၂-၇ လူမျိုးအခြေပြုဖက်ဒရယ်စနစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို လေ့လာခြင်း
၂-၈ အဓိက နိုင်ငံရေး ဆောင်ရွက်နေသူများကို ယုံကြည်မှု

အခန်း ၃ နိဂုံးချုပ်နှင့် အကြံပြုချက်များ

ရည်ညွှန်းကိုးကားသော စာအုပ်စာတမ်းများ

Give us feedback

Do you have a question or feedback about this publication? Leave us your feedback, and we’ll get back to you

Send feedback

အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံရှိ ဝိသေသလက္ခဏာများနှင့် တိုင်းရင်းသားနိုင်ငံရေး

Download Download PDF
File size : 4.66 MB
Total views 62
Downloads 15
Rating
Close tooltip